
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဌာန Global Threat Reduction Initative တို့ ပူးပေါင်း၍ Regulatory Development Workshop အား နေပြည်တော်၊ ရွှေနန်းတော် ဟိုတယ်တွင် (၁၈-၁၁-၂၀၁၃)ရက်နေ့မှ (၂၀-၁၁-၂၀၁၃)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အဏုမြူစွမ်းအင်ဦးစီးဌာန၏ ရေဒီယိုသတ္တိကြွပစ္စည်းများလုံခြုံမှုအတွက် ထိန်းသိမ်းစောင့်ရှောက်မှု ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု လိုအပ်ချက်များကို အကူအညီပေးရန်၊ အဏုမြူစွမ်းအင်ဦးစီးဌာန၏ နည်းဥပဒေမူကြမ်းပြင်ဆင်ခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့် နည်းဥပဒေ၏ အဓိပ္ပါယ်နှင့် နည်းဥပဒေအပေါ် ထင်မြင်ချက်များကို ဆွေးနွေးခဲ့ ကြပါသည်။