အိုင်ဆိုတုပ်နည်းပညာအသုံးပြု မြေအောက်ရေအရင်းအမြစ်များစီမံခန့်ခွဲမှု
အပိုင်း (၁) အနာဂတ်တွင် မြေအောက်ရေများ ကုန်းခမ်းသွားလျှင် လူသားတို့သည် မည်သည့် အခက်အခဲများနှင့် ကြုံတွေ့နိုင်မည်နည်း? ရေသည်သက်ရှိများ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါသောအရာတစ်ခုဖြစ်သည်။ကမ္ဘာပေါ်ရှိရေအားလုံး၏၂.၅ရာခိုင်နှုန်းသာရေချို (Fresh Water) ဖြစ်ပြီးကျန်ရေများမှာဆားငန်ရေများဖြစ်ကြသည်။၎င်းရေချိုအနက်အများစုသည်အေးခဲနေသောရေများ (Glaciers and Ice Caps)မြေဆီလွှာအစိုဓာတ်အဖြစ်တည်ရှိနေပြီး၆၈.၇ရာခိုင်နှုန်းရှိပါသည်။ မြေအောက်ရေမှာ၃၀.၁ရာခိုင်နှုန်းသာ ရှိပြီး ကျန်အစိတ်အပိုင်းများမှာ မြေပေါ်ရေများ ဖြစ်သည်။နက်ရှိုင်းသောမြေအောက်ရေအောင်းလွှာများကိုမူထုတ်ယူသုံးစွဲ၍မရနိုင်ပါ။ထုတ်ယူသုံးစွဲနိုင်သောမြေအောက်ရေမှာ(၁)ရာခိုင်နှုန်းထက်ပင် လျော့နည်းပါသည်။ အိုင်အေအီးအေ၏ဖော်ပြချက်များအရကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာ၏သုံးပုံတစ်ပုံသည်ရေသွင်းစိုက်ပျိုးခြင်းမှဖြစ်ပါသောကြောင့်ရေရှည်တည်တံ့သောမြေအောက်ရေအရင်းအမြစ်များရရှိရန်အရေးကြီးလာပါသည်။လွန်ခဲ့သော အနှစ် […]