သိပ္ပံပွဲတော် ၂၀၂၄ တတိယနေ့အား ဆက်လက်ကျင်းပခြင်း

ရက်စွဲ။ ၁၇−၈−၂၀၂၄

နေရာ။ စင်ကာပူ−မြန်မာ သက်မွေးပညာသင်တန်းကျောင်း(နံနက်ပိုင်း)

          နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ

နျူကလီးယားစွမ်းအားဟာ ရေရှည်တည်တံ့သော စွမ်းအားအရင်းအနှီးတစ်ခု ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကိုလျော့ချ၍ ရုပ်ကြွင်းဆောင်စာအပေါ် မှီခို အားထားမှုကို လျော့ကျစေခြင်းဖြင့် စွမ်းအင်လုံခြုံမှုကို တိုးပွားစေပါသည်။ နျူကလီးယား စွမ်းအားဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓာတ်ငွေ့များနှင့် မီးခိုးမှိုင်းတို့ကို ဖြစ်ပေါ် စေခြင်းမရှိပဲ ရုပ်ကြွင်းလောင်စာများရဲ့ အဆင်အပြေဆုံး အစားထိုးလောင်စာအဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

အဏုမြူစွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဟာ ကနဦး ကုန်ကျစရိတ်နဲ့ နည်းပညာအလွန်မြင့်မားသော်လည်း အခြား အားသာချက် အများအပြား ကြောင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့နှင့် ဒေသတွင်း နိုင်ငံအချို့မှာပါ အဏုမြူဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ် နေပြီ ဖြစ်ရာ စွမ်းအင်လိုအပ်ချက်ကြီးမားစွာရှိနေတဲ့ မြန်မာနိုင်ငံဟာလည်း အဏုမြူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်အသုံးပြုနိုင်ရေး ခြေလှမ်းများ ပြင်ဆင် လျက် ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်အေဂျင်စီ (ROSATAM) နဲ့ ပူးပေါင်းပြီး နိုင်ငံအတွင်းနျူကလီးယားနည်းပညာရပ်နှင့်ပတ်သက်သည့် အသိပညာဗဟု သုတများ တိုးပွားစေရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် (ROSATAM) တို့ ပူးပေါင်းပြီး သိပ္ပံပွဲတော် (၂၀၂၃)ကို ရန်ကုန်မြို့မှာ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ အခု ၂၀၂၄ ခုနှစ်တွင်လည်း ဒုတိယအကြိမ် သိပ္ပံပွဲတော် (၂၀၂၄) ကို ရန်ကုန်မြို့၊ နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာနဲ့ ဆက်စပ်နေရာများတွင် ဩဂုတ်လ (၁၅) ရက် နေ့မှ ဩဂုတ်လ (၁၇) ရက်နေ့အထိ (၃) ရက်ကြာကျင်းပခဲ့ပါတယ်။

သိပ္ပံပွဲတော် (၂၀၂၄) တတိယနေ့အခမ်းအနား ပထမပိုင်း အစီအစဉ်အား စင်ကာပူ−မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှာ (Tough question: become a Female Scientist) ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၀၀) ကျော်နှင့် အမျိုးသမီး သိပ္ပံပညာရှင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာဌာနမှ ပါမောက္ခ ဒေါက်တာအိမွန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်၊ နျူကလီးယားအင်ဂျင်နီယာဌာနမှ ကထိကဒေါ်နန်းဇင်သီရိနောင်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားအတွင်း လူငယ်ကျောင်းသား၊ ကျောင်းသူလေးများက နျူကလီးယားနည်းပညာရပ်နှင့် ပတ်သက် တဲ့ မေးခွန်းများအား မေးမြန်းမှုအပေါ် သိပ္ပံနှင့်နည်းပညာကဏ္ဍမှ အမျိုးသမီးသိပ္ပံ ပညာရှင် ဒေါက်တာအိမွန်နှင့်  ဒေါ်နန်းဇင်သီရိနောင်တို့က ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါ တယ်။

ထို့နောက် နေ့လည် (၁၃း၀၀) နာရီတွင် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတွင် သိပ္ပံပွဲတော် ၂၀၂၄၏ နျူကလီးယားနှင့်သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ROSATOM မှ ချီးမြှင့်သည့် (၂၀၂၄−၂၀၂၅) ပညာသင်နှစ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် မဟာဘွဲ့တက်ရောက်သင်ယူကြမည့် ပညာသင်များအား ဂုဏ်ပြုဆုပေးအပ်ခြင်း အခမ်းအနားကိုကျင်းပရာ  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

နေ့လည်ပိုင်းအစီအစဉ်ဖြစ်တဲ့ (DIY Science Session)ကို နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာမှာ ဆက်လက် ကျင်းပခဲ့ရာ ပုဂ္ဂလိက ကျောင်း (၃) ကျောင်းမှ အခြေခံပညာမူလတန်း ကျောင်းသား၊ကျောင်းသူများနှင့် မိသားစုဝင်  (၁၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ကမ္ဘာတစ်ဝန်းမှာ နည်းပညာများတစ်နေ့ထက်တစ်နေ့ တိုးတက်လာလျက် ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့လည်း နည်းပညာတိုးတက်တဲ့ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတဲ့ နျူကလီးယားနည်းပညာရပ်အား ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အခုနှစ်ကျင်းသည့် သိပ္ပံပွဲတော် ၂၀၂၄ဟာ ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားဖို့ရှိနေပါတယ်။ ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင်အေဂျင်စီ (ROSATOM)အနေဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ နျူကလီးယားနည်းပညာရပ်များ လူငယ်တွေအကြား ပိုမိုတိုးတက်သိရှိ စေရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါသည်။

DSC_7021
IMG_9558