သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သိပ္ပံပွဲတော် ၂၀၂၄ ၏ ဒုတိယနေ့ အစီအစဉ်များသို့တက်ရောက်ချီးမြှင့်

ရန်ကုန်
၁၆−၈−၂၀၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တို့ ပူးပေါင်း၍  ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာတို့တွင် သိပ္ပံပွဲတော် ၂၀၂၄ ၏ ဒုတိယနေ့အား ၁၆.၈.၂၀၂၄ ရက်တွင် ဆက်စပ် အခမ်းအနားများနဲ့အတူ အစီအစဉ်အလိုက် ဆက်လက် ကျင်းပခဲ့ပါသည်။   ရန်ကုန်နည်းပညာတက္ကသိုလ်၌ ဆက်လက်ကျင်းပသည့် Science Battleနှင့် HackAtom ပြိုင်ပွဲများ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ခဲ့ပါသည်။

နံနက်ပိုင်းတွင် Science Battle အစီအစဉ်ကို ရန်ကုန်နည်းပညာတက္ကသိုလ်၌ ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊  သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) တို့မှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ အဖွဲ့များက Electronic Presentation များ လုံးဝမသုံးဘဲ Physical Props များဖြင့် ၇ မိနစ်စီ မိမိတို့၏ Major ဘာသာရပ်များ အကြောင်းကို  တင်ဆက်ယှဉ်ပြိုင်ကြရမည် ဖြစ်ရာ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ သတင်း အချက်အလက်နည်းပညာ၊ နျူးကလီးယားနည်းပညာ နှင့် နျူးကလီးယားအင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ကျောင်းသား/သူများက  အခြားဌာနများထက် မိမိတို့ ဌာနများ၏ အားသာချက်များကို မီးမောင်း ထိုးပြကာ ဟာသနှော၍ တင်ဆက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါ Science Battle အစီအစဉ်သို့ တက်ရောက်လာသော အခြေခံပညာ ကျောင်းသား/သူ (၂၀၀) ဦးက  တင်ဆက်မှု အကောင်းဆုံးအသင်းများကို voting စနစ်ဖြင့် ရွေးချယ်ခဲ့ကြပါသည်။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ပထမဆု၊ ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဒုတိယဆုနှင့် နည်းပညာတက္ကသိုလ် (သန်လျင်)မှ တတိယ ဆုများ အသီးသီး ရရှိခဲ့ကြရာ ဆုများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများကို ROSATOM မှ Certificates များ၊ ANO Energy of the Future မှ Mr. Baybikov Alexander နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းတို့မှ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ဆုပေးပွဲ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်အမှာစကား ပြောကြားရာတွင် “ကျောင်းသား/ သူများသည် နိုင်ငံ၏ အနာဂတ်ရောင်ခြည် ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူများကို ဂုဏ်ပြုပါကြောင်း၊ ROSATOM နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့ အစည်းဖြစ်သော ANO Energy of the Future၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊  ဘာသာရပ်တိုင်းသည် ပြည်သူလူထု၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပါကြောင်း၊ သုတေသနများ လုပ်ဆောင် ရာတွင် Integrated Project ပြုလုပ်ရမည် ဖြစ်ပါကြောင်း Multidisciplinary ဆောင်ရွက်ခြင်းဖြင့် ပိုမိုပြည့်စုံသော သုတေသနများ ရရှိလာမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပေါကြွယ်ဝသော အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ အသုံးချ ခြင်းဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း”ဖြင့် ဖော်ပြပါရှိပါသည်။ ဆက်လက် ၍ ဒုတိယဝန်ကြီး က ANO Energy of the Future ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ Science Battle အခမ်းအနားသို့ လူဦးရေ ၂၈၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

Hackatom ပြိုင်ပွဲကို (၁၅-၈-၂၀၂၄) ရက်နေ့တွင် ပြိုင်ပွဲဆိုင်ရာမိတ်ဆက်ရှင်းလင်းခြင်း ပြုလုပ်ပြီးနောက် ကျောင်းသား၊ ကျောင်းသူ (၆) ဦးစီပါဝင်သော အသင်း (၁၂) သင်းတို့သည် “မြန်မာနိုင်ငံ တွင် (Small Modular Reactors)SMRs ဖွံ့ဖြိုးတိုးတက်လာစေရေး အပြန် အလှန်အသုံးချမှု” နှင့်စပ်လျဉ်းသည့် နျူကလီးယားနှင့်ဆက်စပ် Problem များအား ၂၄ နာရီအတွင်း ဆွေးနွေးအဖြေရှာပြီး ပြန်လည်တင်ဆက်ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ပွဲ ဒုတိယနေ့အစီအစဉ်ကို (၁၆-၈-၂၀၂၄) ရက်နေ့ မွန်လွဲပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)၊ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ နေပြည်တော်နည်းပညာတက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူ (၇၂) ဦးမှ အသင်း ၁၂ သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက် နည်းပညာတက္ကသိုလ်များနှင့် MEPhI  မှ ပါမောက္ခများ ပါဝင်သော အဖွဲ့၏ အကဲဖြတ်ရွေးချယ်မှုများအရ  ____ မှ ပထမ၊ ____ မှ ဒုတိယ၊ ____ မှ တတိယဆု ရရှိခဲ့ကြပြီး ဆုရအသင်းများကို ဒုတိယ၀န်ကြီး ဒေါက်တာအောင်ဇေယျ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါ်နွယ်နီနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း တို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲဝင်အသင်းများကို ROSATOM မှ Certificates များ၊ MEPhI  မှတာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ HACKTOM ပြိုင်ပွဲအစီအစဉ်သို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဧည့်သည်တော်များ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သိပ္ပံပွဲတော် ၂၀၂၄ ၏ ဒုတိယနေ့ အစီအစဉ်ကို နျူးကလီးယားသတင်းအချက် အလက်စင်တာတွင်လည်း တပြိုင်တည်း ဆက်လက်ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် Public  Discussion အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနနှင့်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်အသီးသီးမှ ဆရာ/ ဆရာမများမှ လူကိုယ်တိုင် (၁၀၀)ဦး/အွန်လိုင်း တို့ဖြင့်လည်းကောင်း၊ Fun Science အစီအစဉ်မှ “Sink or Swim Boat Challenge” တွင် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ အလယ်တန်းကျောင်းသား/သူ (၈၀) ဦး တို့ဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် New Video Presentation အစီအစဉ်ကို Journalists နှင့် bloggers များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် အဏုမြူ စွမ်းအင်ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများမှ လူကိုယ်တိုင်(၅၀)ဦးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်လျက် အောင်မြင်စွာ ကျင်းပလျက်ရှိပါသည်။

အလားတူပင် “Career guidance Session” အစီအစဉ်ကို မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အထက (၂) မင်္ဂလာဒုံနှင့် TTC (ကမာရွတ်)အခြေခံပညာ အထက်တန်း ကျောင်း (၂)ကျောင်း၌ ပြုလုပ်ခဲ့ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ National Research University (MEPhI) မှ ကျွမ်းကျင်သူများက ရုရှားနည်းပညာများ၏ အကျိုးကျေးဇူး များနှင့် အရေးပါမှုကို ဆွေးနွေး ပြီးသည့်နောက် ကျောင်းသား၊ ကျောင်းသူလေး များက “သင့်ရဲ့ သိပ္ပံဆိုင်ရာကျွမ်းကျင်မှုကို ဘယ်လို မြှင့်တင်မလဲ” (Power up your skill) ဂိမ်းကစားနည်းများဖြင့် ကျင်းပလျက်ရှိကြောင်း သတင်းရရှိပါသည်။

အခုနှစ်ကျင်းသည့် သိပ္ပံပွဲတော် ၂၀၂၄ ကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားရန် ရှိနေပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်အေဂျင်စီ (ROSATOM)အနေဖြင့် ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ နျူကလီးယားနည်းပညာရပ်များ လူငယ်တွေအကြား ပိုမို တိုးတက်သိရှိစေရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါသည်။